မောင်တော ၂ နိုဝင်ဘာ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင် နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၅၀ အချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး သန့်စင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်တို့ ဦးဆောင်၍ သန္ဓေတပ်ဖွဲဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး မီးငြိှမ်းသတ်ယာဉ်(၂)စီးဖြင့် မီးလောင် ပြင်သို့ သွားရောက် မီးငြိှမ်းသတ်ရာ ၁ နာရီ မိနစ် ၅၀ အချိန် မီးစတင်လောင်ကျွမ်းပြီး မီးထိန်းရေ (၁၂၀၀) ဂါလန်၊ မီးငြိှမ်းရေ(၄၀၀)ဂါလန် စုစုပေါင်းရေ ဂါလန် (၁၆၀၀)ဂါလန်ဖြင့် နံနက် ၂ နာရီ ၁၅ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ရာ ၂ နာရီခွဲအချိန် မီးငြိှမ်းသတ်နိုင်ခဲ့သည်။
ဖြစ်စဉ်မှာ မြို့မတောင်ရပ်ကွက်၊ ဗိုလ်မှူးရွာနေ ဦးအီမာန်ဟူဆောင်း(သ) ၄၀ နှစ် (ဘ) ဦးမော်တော့ အာလီ ၏ (၂၀ x၂၅x ၁၁)ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း နေအိမ် မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးဖို အနီးကပ်လျက်ရှိ ဝါးထရံသို့ မီးကူးစက်လောင်းကျွမ်းခဲ့ပြီး လူနေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း ဒုက္ခသည် (၈)ဦး နီးစပ်ရာ ဆွေမျိုးများအိမ်တွင် နေအိမ်လျက်ရှိပြီး လူ/ တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးအီမာန်ဟူဆောင်း အား မောင်တောမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)