မောင်တော၊ ၆ ဒီဇင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေဇားကပ္ပကောင်းကျေးရွာ၌ ဒီဇင်ဘာ ၄ ရက်က မီးလောင်မှုကြောင့် နေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မောင်တောခရိုင်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြီး ဦးဆောင်၍ ဝန်ထမ်းများက ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ထောက်ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို မြေပြင်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ရွှေဇားကပ္ပကောင်းကျေးရွာရှိ မီးလောင်မှုကြောင့် (၁၂ x ၁၅ x ၈)ပေခန့် မြေစိုက် လူနေအိမ် (၄)လုံး ဆုံးရှုံးခဲ့ရာ အဆိုပါမီးဘေးသင့် အိမ်ထောင်စု (၄)စုရှိ လူဦးရေ (၂၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အိမ်ထောင်စု(၄)စုအတွက် ဆန်(၇)ရက်စာ ထောက်ပံ့ငွေ ငါးသောင်းလေးရာ ကျပ်နှင့် လူနေအိမ် တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် တစ်သိန်း စုစုပေါင်း လူနေအိမ် လေးလုံ အတွက် ထောက်ပံ့ငွေကျပ် လေးသိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)


