မောင်တော နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်းချက်များနှင့်အညီ ပြန်လည်စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်း(၁၈၇)ကျောင်းသည့်အနက် အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၈) ကျောင်း ၊ မူလတန်းကျောင်း (၃၄) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) စုစုပေါင်း(၁၂၆) စတင် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၅၂၆၉)ဦး နှင့် ကျောင်းအုပ်ဆရာ ၊ ဆရာမကြီး အပါအဝင် ဆရာ၊ဆရာမ (၁၃၁၉)ဦး ရှိကြောင်း တာဝန်ခံ မြို့နယ်ပညာရေးမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်း ထံမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)


