မောင်တော ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ အား(ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံ သည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေ ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက် ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ ၊ ကျောင်းအုပ်ဆရာ/မကြီးများ ၊ ဆရာ/မ များ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျှက်ရှိသည်။
မောင်တောမြို့နယ်အခြေခံပညာကျောင်းများရှိ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူ ၇၂၉၇ ဦးရှိပြီး သတ်မှတ်စုရပ် (၅၃)နေရာများတွင် (ဒုတိယ) အကြိမ်အဖြစ် ယမန်နေ့က အထက်တန်းအဆင့် ကျောင်းသား/သူ ၁၇၈ ဦး နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၃၉၈ ဦး စုစုပေါင်း ၅၇၆ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးစီးသူ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူ စုစုပေါင်း ၅၆၂၇ ဦး အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)