မောင်တော ၂၉ ဇွန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် မှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (ကျားမတန်းတူညီမျှရေး) ကိစ္စရပ်များ ၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


