မောင်တော ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၁)သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်က တက်ရောက်အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်၊ မိမိ ရပ်ရွာအတွင်း မီးဘေးအန္တရာယ် ကြုံတွေလာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြရန် စသည့် တို့ကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် အဖွဲ့ဝင် ဦးဦးခင်မောင်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော မီးသတ် တပ်ဖွဲ့ဝင်များ၏ မြို့နယ်အတွင်း လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်း အမျိုးအစား ၁၁ မျိုး ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရာတွင် အသုံးပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
အဆိုပါ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို မြို့ပေါ်ရပ်ကွက် အသီးသီးမှ သင်တန်းသား ၅၀ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)