မောင်တော ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတို့တွင် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ် အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာ ကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများကို အ လှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
ခရိုင်(ပြန်/ဆက်)