mdn

 

 မောင်တော    ဩဂုတ် ၉

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက် နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ဩဂုတ် ၈ ရက် ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း အသံ ချဲ့ စက် ဖြင့် လှည့်လည်ကြေ ညာခဲ့သည်။ 

 

ဇွန် ၁၀ ရက်နေ့မှ ဩဂုတ် ၇ ရက် ညနေပိုင်းထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူများပြား လျက်ရှိပြီး သေဆုံးမှုများလည်းရှိနေဖြစ်ရာ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးနှင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြား ချက် များနှင့် အညီ  နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့မထွက်ကြပါရန် ၊ စနစ်တကျ လက် ဆေးခြင်း၊ လူစု လူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ကွာ ကွာ နေခြင်း၊ ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း ၊ အားအင် ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ် ရာ ကျန်းမာရေးဌာနသို့ အမြန် ဆုံးသွား ရောက်ပြသကြရန်  လိုအပ်ကြောင်း စသည့် အချက်များ ပါဝင်သော ညွှန်ကြားချက် များအား ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိ လိုက်နာ နိုင် ရန်အတွက် မြို့နယ်မီးသတ် စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော်ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များ အတွင်း လိုက်လံ ကြေညာခဲ့ကြကြောင်း သိရ သည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)