မောင်တော ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ဇူလိုင် ၁၆ ရက်က Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများအနက်မှ (၁၀) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် မောင်တောမြို့ ပြည်သူ့ဆေးရုံနှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဇူလိုင် ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် (၁၄) ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၄၇) ဦးရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၂၆၆) ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၅) ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၇၆) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)