မောင်တော ဇူလိုင် ၁၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြစိမ်းရောင်စီမံကိန်း ကျေးရွာများ၏ အတိုး၊ အရင်း ပြန်လည်ပေးဆပ်ပြီး ပြားသားသုခမြိုင်ကျေးရွာ၌ ငါးကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထပ်မံထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာစီမံကိန်း တာဝန်ခံများ ပူးပေါင်းကာ ပြားသားသုခမြိုင် ကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးအတွက် ငွေကျပ် ၁၃၀၀၀၀၀၀၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ ၁၀ ဦးအတွက် ငွေကျပ် ၇၇၀၀၀၀၀၊ မွေးမြူရေးလုပ်ကိုင်သူ ၃၄ ဦးအတွက် ငွေကျပ် ၁၈၆၀၀၀၀၀ စုစုပေါင်းငွေကျပ် ၃၉၃၀၀၀၀၀ ကို အိမ်တိုင်ရာရောက် ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)