မောင်တော အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိတည်းခိုခန်းများတွင် အောက်တိုဘာ ၂၁ ရက်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ညီညီနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ တည်းခိုခန်းများသို့ သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲထားရှိရန်နှင့် ရှေးဦးမီးသတ်ပစ္စည်း ကိရိယာများဖြစ်သော မီးသတ်ဆေးဘူး ၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ်ထွက်ပေါက်များထားရှိရေး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)