မောင်တော နိုဝင်ဘာ ၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း စံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က မြို့ဦးရပ်ကွက် ၊ ဇူလကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးက တက်ရောက်အမှာစကားပြောကြားရာတွင် မောင်တော ခရိုင်အတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍ တိုးတက်စေ ရေး ၊ဒေသဝမ်းစာဖုံလုံရေး ၊အာယာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စိုက်ပျိုးထုပ်လုပ်နိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသာကျော်က မိုးစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာ ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆင်းသွယ် လတ်စပါးမျိုး ဧက(၅၀)ကို ဇူလကျေးရွာ ၊ ကွင်းအမှတ် ၁၀၁/ဃ တွင် အကျိူးဆောင် တောင်သူ များဖြင့် ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဆင်းသွယ်လတ်မျိုးစေ့ ထုတ်စိုက်ခင်း၏ အထွက်နှုန်းကို အနီးစပ်ဆုံး မှန်ကန်စွာ သိရှိနိုင်ရန်အတွက် ကိုယ်စားပြုစံကွက် (၀.၁၀) ဧက ရိတ်သိမ်းပွဲ စံပြကျေးရွာရှိ ဧက (၃၂၇)ဧက မှ မျိုးသန့် စံပြရွာ ၊ မျိူးစေ့ထုတ် စိုက်ခင်း (၅၀)ဧက မှ တောင်သူ ဦးဇော်မီဟူဆောင်း၏ လယ်မြေ (၂.၅၀)ဧက မှ (၀.၁၀)စံကွက် ရိတ် သိမ်း ခဲ့ရာ အစိုတင်း(၉၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသာကျော် ၊မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းအောင် ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စိုက်ပျိုး ရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ နှင့် ဒေသခံ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


