မောင်တော  ဩဂုတ်  ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ အခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ လေထိုးဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

mdn