မောင်တော၊ ၇ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇံကျေးရွာ၌ ဒီဇင်ဘာ ၁ ရက်က  တောဆင်ရိုင်း နင်း၍ လူတစ်ဦး သေဆုံးခဲ့ရာ ၎င်း၏ မိသားစုဝင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်ကြီးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်သည်။

 

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် အောင်ဇံကျေးရွာနေ လူတစ်ဦးသည် ဒီဇင်ဘာ ၁ ရက်က လှိုင်သီးကျေးရွာအုပ်စု တုံးချောင်းတံတားအနီး၌ တောဆင်ရိုင်းနင်းကာ ရစ်ပတ်လွှင့်ပစ်ခံခဲ့ရပြီး  ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ၎င်း ၏ ဇနီးဖြစ်သူအား ထောက်ပံ့ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

သက်လွင်စိုး(ပြန်/ဆက်)