မောင်တော   ၅  ဇွန်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဇွန် ၅ ရက်နေ့ နံနက် ၇ နာရီက မြို့ပေါ်လမ်းမကြီးတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် တို့ဦးဆောင်၍ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက  မီးငြိမ်းသတ်ယာဉ်(၄)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  မြို့ပေါ်လမ်းမကြီး၊ မဟာဗန္ဓုလမ်း၊ မင်းဘာကြီးလမ်း၊ မူကြိုကျောင်းခွဆုံ၊ ဦးဥတ္တမလမ်း၊ ဆွမ်း အုပ်ခွဆုံအထိ ပိုးသတ်ဆေးဖျန်းခဲ့ကြပြီ ကိုဗစ်-၁၉ အသိပညာပေး တေးသီချင်းများအား အသံချဲ့စက်ဖြင့် ဖွင့်လှစ်၍ ပြည်သူလူထုများ သိရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)