မောင်တော၊  ၂    ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လှိုင်သီးကျေးရွာအုပ်စု ၊ တုံးချောင်း တံတားအနီး လမ်းမပေါ်တွင်  ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီအချိန်က တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးခဲ့သည်။

 

 ဖြစ်စဉ်မှာ မောင်တောမြို့နယ် အောင်ဇံကျေးရွာအုပ်စု၊ အောင်ဇံကျေးရွာနေ ဦးထွန်းသာကျော် နှင့်အတူ လူ ၆ ဦး လိုက်ပါလျက် မော်တော်ယာဉ် တစ်စီးသည်  အောင်ဇံကျေးရွာမှ ခမောင်းဆိပ်မြို့သို့ သွားရောက်ရာ လှိုင်သီးကျေးရွာအုပ်စု ၊ တုံးချောင်း တံတားအနီး လမ်းမပေါ်တွင်   တောဆင်ရိုင်းတစ်ကောင်မှ မော်တော်ယာဉ်အား ပိတ်ဆို့ထားသဖြင့် ကားထဲမှ ထွက်ပြေးကြစဉ် ဦးထွန်းသာကျော် အသက်(၄၆)နှစ် အား တောဆင်ရိုင်းမှ ရစ်ပတ်လွှင့်ပစ်ရာ သတိမေ့သွားခဲ့ပြီး ကျန် (၆)ဦးမှာ ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း သိရသည်။

 

တောဆင်ရိုင်း ရစ်ပတ်လွှင့်ပစ်ခံရသူ ဦးထွန်းသာ ကျော်အား အောင်ဇံသာကျေးရွာသို့ သယ်ဆောင်လာရာ ၎င်းနေအိမ်၌ ဒီဇင်ဘာ ၁ ရက် နံနက် ၁၁နာရီ ၁၅ မိနစ် အချိန်ခန့်က သေဆုံးခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)