မောင်တော စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဇင်ပိုင်ညာကျေးရွာနှင့် ကျောက်လှေကား ကျေးရွာရှိ ပြည်သူများအား စက်တင်ဘာ ၁၄  ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဇင်ပိုင်ညာကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘောဆန္ဒအရ လာရောက်စစ်ဆေးခံသူ(၃၉)ဦးနှင့် ကျောက်လှေကားကျေးရွာရှိ ပြည်သူများအထဲမှ မိမိသဘောဆန္ဒအရ လာ ရောက် စစ်ဆေးသူ (၄၀) စုစုပေါင်း (၇၉) ဦးအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များနှင့်  ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)