မောင်တော ဒီဇင်ဘာ ၂

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ ၁  ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 

 

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မတောင်ရပ်ကွက်ရှိ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝိုင်ယာကြိုးများအား စနစ်တကျ သွယ်တန်းတပ်ဆင် အသုံးပြုကြရန်၊ လျှပ်စစ်ဝိုင်ယာကြိုးများ ဟောင်းနွမ်းနေပါက တတ်ကျွမ်းနားလည်သူများနှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန်၊ မီးဘေး မပေါ့ဆကြရန်နှင့် ဈေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)