မောင်တော   နိုဝင်ဘာ  ၁၁

 

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံဝင်းရှိ အောက်စီဂျင်စက်ရုံ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေး အတွက် နိုဝင်ဘာ  ၁၁ ရက် နံနက် ၁၁  နာရီက  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကညင်တန်းရပ်ကွက် ၊ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်စီဂျင်စက်ရုံမှာ အောက်စီဂျင်အိုးများဖြည့်သွင်း လည်ပတ်ထုတ်လုပ်ပေးလျက်ရှိရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိစေရေး ၊ မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ  အညီ ဆောင်ရွက်စေရေးနှင့် မီးဘေးလုံခြုံရေးပညာပေးဆိုင်ဘုတ်များအား ထားရှိစေရေးတို့ကို အကြုံပြု ကွင်းဆင်းစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။ 

 

သက်လွင်စိုး (ခရိုင် ပြန်/ဆက်)