မောင်တော အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ (၂၈၀၅) ဦးအား (ပထမ)အကြိမ် ဒုတိယနေ့အဖြစ် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီအချိန်တွင် သတ်မှတ်စုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများ၌ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူ (၇၂၉၇)ဦးရှိပြီး (ပထမ) အကြိမ် အောက်တိုဘာ ၁၇ ရက်နေ့ တွင် ကာကွယ် ဆေးထိုး နှံပြီးစီးသူ (၁၄၀၄) ဦး နှင့် အောက်တိုဘာ ၁၈ ရက်နေ့တွင် (၁၄၀၁)ဦး စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသူ (၂၈၀၅)ဦး အား ကျန်မာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)