မောင်တော    ဩဂုတ် ၂၆

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဩဂုတ် ၂၆ ရက် မွန်းလွဲ၂ နာရီတွင် အောက်ဆီဂျင်ထုတ်စက် ရောက်ရှိလာရာ ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိပြီး ယခုအခါ အောက်ဆီဂျင်စက်ရုံ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အတွင်း အောက်ဆီဂျင် ပြတ်လတ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများ၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့်  ငွေကျပ်  ၆၀,၈၇၅,၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင်စက် နှင့် ဆက်စပ် ပစ္စည်းများ ရောက်ရှိလာရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကရုဏာကွန်ရက်အဖွဲ့ဝင်များက အောက်ဆီဂျင်စက် ယာယီထားရှိမည့် နေရာသို့  ကူညီရွေ့ပြောင်းပေးခဲ့ကြသည်။

 

အောက်ဆီဂျင် စက်ရုံအတွက်  ကျပ်သိန်း ၁၄၀ တန်ဖိုးရှိ (100) Kva မီးစက် နှင့် ဆက်စပ်ပစ္စည်းများလည်း  ရောက်ရှိနေပြီး အောက်ဆီဂျင် ဆလင်ဒါအိုးကြီး အလုံးရေ ၁၅၀ နှင့် ဆက်စပ် ပစ္စည်းများမှာ ထပ်မံရောက်ရှိလာမည်ဖြစ်သည်။ အောက်ဆီဂျင်စက်ရုံ လည်ပတ်လာပါက ၄၀ လီ တာဆံ့ အောက်ဆီဂျင် အိုး ၈၀ မှ ၁၂၀ ထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မောင်တောမြို့နယ် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ  ဉက္ကဋ္ဌ ဦးလှမြင့် ထံမှသိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)