ရခိုင်ပြည်နယ် ဖြစ်စဉ်တွင် ကျဆုံးခဲ့သည့်ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်

ရန်ကုန် ၂၆ ဇန်နဝါရီ

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀  နာရီက ရန်ကုန်တိုင်းဒေကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၏ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်(၁၃)ဦး၏ မိသားစုများအတွက် online မှ စုစုပေါင်းငွေကျပ် ၆၅၉၄၀ဝ၀၊ WK auto mechanic service မှ ကောက်ခံရရှိငွေကျပ် ၁၇၈၀ဝ၀ဝ၊ ကိုအရည်ကြို facebook profile လေလံသို့ jy service မှ လှူဒါန်းငွေကျပ် ၁၁၀ဝ၀ဝ၀ စုစုပေါင်းငွေကျပ် ၉၄၇၄၀ဝ၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)