နေပြည်တော် မေ ၂၁ 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘောဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာ နများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ကွန်ကရစ်မီးတိုင်များ၊ ထရန်စဖော်မာများ၊ လျှပ်စစ်ကေဘယ်ကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများ၊ ဘိလပ်မြေအိတ်များ၊ မြေတူးစက်နှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ရေသန့်ဆေးများ၊ ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်များ အပါအဝင် ကူညီကယ် ဆယ်ရေးပစ္စည်းများအား ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတား၌ တင်ဆောင်ပြီးနောက် MV.SUN SHINE နှင့် MV.FORTUNE သင်္ဘော(၂)စီးသည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာသွားပြီး MV. AQUARIUS သင်္ဘောသည် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်၍ စစ်တွေမြို့သို့ မေ ၁၉ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သတင်းစဉ်