မောင်တော ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားသော ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက တောင်ပြိုလက်ဝဲမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော သဲချောင်းကျေးရွာအုပ်စုမှ သာယာကုန်းကျေးရွာနှင့် သင်္ဘောလှကျေးရွာ၊ မီးတိုက်ကျေးရွာ၊ ကွမ်းသီးတောင်ကျေးရွာအုပ်စုမှ နံသာတောင်ကျေးရွာတို့ရှိ အမျိုးသား(၁၁၈)ဦးနှင့် အမျိုးသမီး(၁၀၄)ဦး စုစုပေါင်းလူဦးရေ (၂၂၂)ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)


