ကျောက်တော် ၇ ဩဂုတ်
COVID-19 Economic Relief Plan(CERP) ၏ Action Plan ပါ ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့ လာစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုဖြင့်ဆောင်ရွက်သည့် ငါးမွေးတောင်သူများသို့ ငါးသား ပေါက်ဖြန့်ဖြူးပေးခြင်းအား ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ငါးမွေးတောင်သူ ၆၆ ဦး ဧရိယာ(၂၄၈ ဒသမ ၃၄) ဧကသို့ ငါးသားပေါက်ကောင်ရေတစ်ဧက ၂၀၀၀ နှုန်းဖြင့် ကောင်ရေ (၄ ဒသမ ၉၆)သိန်းကို သတ်မှတ်နေ့ရက်များ၌ ထောက်ပံ့ပေးအပ်နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှစီစဉ် ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပထမအကြိမ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတစ်ရပ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာအခမ်းအနားသို့ တက်ရောက်သူ (၂၅)ဦးရှိခဲ့ပြီး ကျောက်တော်မြို့နယ်မှ ငါးမွေး တောင်သူ(၄)ဦးသို့ ပေးအပ်ရမည့် ငါးသားပေါက်ကောင်ရေ ၁၅၂၃၀၀ အနက် ပထမအကြိမ် ကောင်ရေ (၇၀၀၀၀)ကို တက်ရောက်လာသူများ ရှေ့မှောက်၌ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်