နေပြည်တော် ဇူလိုင် ၁၉
ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
လယ်မြေ ၈၅ ဧက စုပေါင်းထွန်ယက်
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းရာကုန်းကျေးရွာရှိ လယ်မြေ ၈၅ ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုး ဆောင် တောင်သူများဖြင့် မျိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ပျိုးခင်းများကို ယူရီးယား မြေဩဇာနှင့် စူပါဘိုကာရှိ မြေဆွေးရောစပ်၍ စုပေါင်းကြဲပက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး (ယာပုံ)စူပါဘိုကာရှိ မြေဆွေးလက်တွေ့ ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေးကာ တောင်သူများအား သဘာဝ ဓာတ်မြေဩဇာပြုလပ်ရာ၌ အသုံးပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံး EM ဖျော်ရည်ဘူး များပေးအပ်၍ လိုအပ်သည်များ မှာကြားသည်။
အလားတူ ရသေ့တောင်မြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်၍ သံဃာတော်များအား ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
မျိုးစပါးများ စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုကြည့်ရှု
ထို့အတူ စစ်တွေမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သိန်းတန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပျားလည်ချောင်း ကျေးရွာ၌ ထောက်ပံ့ပေးအပ်ထားသော GW–11 မျိုးစပါး များကို ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အလားတူ မောင်တောမြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သော ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ကွင်းအမှတ်(၉၆/ ဃ) ကညင်ချောင်းကွင်းရှိ တောင်သူ ၂၂ ဦး၏ မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧကတွင် စပါးများပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်