နေပြည်တော်  ၁၉  အောက်တိုဘာ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်မ၌ Zoom Application Online System ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ UEHRD ကော်မတီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UEHRD ၏ Task Force အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် UEHRD ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း Video Message ကို ထုတ်လွှင့်ပြသသည်။

 

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်း အပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

 

ထို့နောက် UEHRD ကော်မတီ၏ ၃ နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်း Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)