ရခိုင်ပြည်နယ်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၇ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေသော မောင်တောမြို့နယ်ရှိ မြို့သူကြီး၊ အုန်းတော၊ ကံပူး၊ ကျောင်းတောင်၊ အလယ်သံကျော်၊ နွားရုံတောင်၊ ဝါးချ၊ သံဒါ၊ မြင်းလွတ်၊ ကျီးကန်းပြင်၊ သီဟိုဠ်ကျွန်း၊ ဥဒေါင်း၊ လောင်းဒုံ၊ အောင်စစ်ပြင်၊ စပယ်ကုံး၊ သပြေတော၊ ဇော်မတက်၊ ဒိုးတန်း၊ ရွာသစ်ကေ၊ ကျောက်ပန္တု၊ တပ်ဦးချောင်း၊ ဒုချီးရားတန်း၊ သရေကုန်း တန်း၊ သဝန်ချောင်း၊ ငါးခူရ၊ အင်းဒင်၊ သင်္ဘောကွေ့၊ ကညင်တန်း၊ ညောင်ချောင်း၊ နတ်ချောင်း၊ သက်ကိုင်ညှာ၊ ပညောင်ပင်ကြီး၊ ပန်းတောပြင်၊ ခမောင်းဆိပ်၊ ရေနောက်ငါးသား၊ သစ်တုံးနားခွဆုံ၊ ပဒကားရွာသစ်၊ ကြက်ရိုးပြင်ကျေးရွာများတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၈၉၈၂ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

ထို့အတူ စစ်တွေမြို့နယ်အတွင်းရှိ ချောင်းနွယ်၊ ပါတလိပ်၊ သင်္ဂနက်၊ ကြွီတဲ၊ ကံ့ကော်ကျွန်း၊ မင်းဂံ၊ နာရီကန်ကျေးရွာများတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ အောက်တိုဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၅၄၅ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

မြောက်ဦးမြို့နယ်အတွင်းရှိ ပြလှ၊ ဆင်အိုးရှည်၊ မြက်ရိတ်ကျွန်း၊ ခွဆုံ၊ လေညှင်းသာ၊ ရုတ်ချောင်း၊ အလယ်ဈေး၊ တိမ်ညို၊ ကန်စောက် ကျေးရွာများတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၁ဝ၁၈ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

မင်းပြားမြို့နယ်အတွင်းရှိ ထောင်ရှည်၊ ကင်းဆိပ်၊ မော်ရွာ၊ ဖားပျော်၊ တောင်တိုက်၊ ငပုကွ၊ ဝင်းဇား၊ နရမ်း၊ နားပဲ့ချောင်းကျေးရွာများနှင့် ဦးစိုးတင့်ရပ်ကွက်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ဧက ၆၂ဝ ရိတ်သိမ်းပြီး ဖြစ်သည်။

 

ကျောက်တော်မြို့နယ်အတွင်းရှိ ပုဏ္ဏား၊ လမ်းမတော်၊ ဒေါင်းတော်ယိုး၊ ကာဒီ၊ စဖိုသား၊ အပေါက်ဝ၊ ဂါပုကျေးရွာများတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၇ဝ၉ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ၊ ကိုးတန်ကောက် ကျေးရွာများတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၂၉၈ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

ဘူးသီးတောင်မြို့နယ်အတွင်းရှိ သပြုချောင်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ နိုဝင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စုစုပေါင်း ၉၆ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ င/ပြောက်ဆည်ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ စုစုပေါင်း ၃၁ ဧက ရိတ်သိမ်းပြီးဖြစ်သည်။

 

ကျောက်ဖြူမြို့နယ်အတွင်းရှိ လောင်းချောင်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ စုစုပေါင်း ၂၂ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

 

MDN