နေပြည်တော်  ဇွန်   ၁၀

 

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိ သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်/ စစ်သမီးများက  အဆို/အကများဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။

 

ထိုသို့  ဖျော်ဖြေတင်ဆက်ရာ တွင်   စစ်သည်/ စစ်သမီးများက မြန်မာသံစဉ်  တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း   အဆို/အကများ၊ တေးသရုပ်ဖော်အကများ၊  ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတဖြစ်ဖွယ် ရာအသိပညာပေး အစီအစဉ်များ ဖြင့်  ကဏ္ဍစုံလင်စွာ  သီဆိုကပြဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များ  ပျော်ရွှင်စွာကြည့်ရှုအားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/    စစ်သမီးများအား တပ်နယ်မှ တာဝန်ရှိသူများက ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း   သတင်းရရှိသည်။                  

သတင်းစဉ်