မောင်တော    

မောင်တောမြို့၌  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များ ဖြန့်ဝေခြင်းကို ဧပြီ ၁၀ ရက်နေ့မှစ၍ အခမဲ့ ဖြန့်ဖြူးပေးလျက် ထောက်ပံ့လျက်ရှိသည်။

 

ထို့သို့ ဖြန့်ဝေရာတွင် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ၊ စုစုပေါင်း ထောက်ပံ့မှု (၅)မျိုးစီကို မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၈၉ စု၊ ကျေးရွာ ၁၆၂ ရွာ၊ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၁၂၁၅၆ စု အတွက်  ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)

 

တောင်ကုတ်

တောင်ကုတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော စားသောက်ကုန်(၅) မျိုးကို ယနေ့ စတင်ပေးအပ်ခဲ့သည်။

 

တောင်ကုတ်မြို့မအားကစားကွင်းမ၌ သိမ်တောင်ရပ်ကွက်မှ အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀) စုအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလ လတ်တလောစားသောက်မှု အဆင်ပြေစေရန် စတင်ဖြန့်ဝေခဲ့ရာ အိမ်ထောင်စု တစ်စုလျင် ဆန်(၈)ပြည်၊ ဆီ (၅၀)သား ကြက်သွန်(၁)ပိဿာ ပဲခြမ်း(၁)ပိဿာနှင့် ဆား(၅၀)သားတို့အား ဖြန့်ဝေပေးလျက်ရှိပြီး ကျန်ရပ်ကွက်ကျေးရွာအုပ်စုများအားလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်