စစ်တွေ ၂၀ မတ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဦးစီးမှူးဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် တိုက်ပွဲ ရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
တိုက်ပွဲရှောင် ပြည်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီပိန္နဲတောကျေးရွာမှ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ၆၄ဦး၊ ကျွဲလမ်းချောင်းကျေးရွာမှ အိမ်ထောင်စု ၆၀၊ လူဦးရေ ၂၅၇ ဦး၊ လက်ဝဲမြန် ကျေးရွာမှ အိမ်ထောင်စု ၂၀၊ လူဦးရေ ၉၆ ဦး၊ ငပြောက်ဆည်ကျေးရွာမှ အိမ်ထောင်စု ၁၄စု၊ လူဦးရေ ၆၂ဦး၊ ယိုးတရုတ်ကျေးရွာမှ အိမ်ထောင်စု၇စု၊ လူဦးရေ၃၈ဦး၊ ဘဲခိုးကျေးရွာမှ အိမ်ထောင်စု ၁၇စု၊ လူဦးရေ ၆၅ ဦး တို့ဖြစ်ကြသည်။
အဆိုပါ ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု ၁၅၃ စု လူဦးရေ ၅၈၂ ဦးတို့ကို ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးဖြစ်သည့် ကျားလုံချည်၁၃၅ထည်၊ မလုံချည် ၁၃၅ထည်၊ စောင်၂၇၀ ၊ တီရှပ် ၂၇၀ နှင့် ပလတ်စတစ်ဖျာ ၁၃၅ ခုနှင့် ဆန်ရိက္ခာ တစ်လစာ အတွက် ထောက်ပံ့တန်ဖိုးငွေကျပ် ၅၂၃၈၀ဝ၀ တို့ကို တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


