ရခိုင်ပြည်နယ်က ကလေးတွေရဲ့ ပညာရေးတိုးတက်မြင့်မားလာဖို့အတွက် တတ်နိုင်တဲ့ဖက်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်

စစ်တွေ ၄ မတ်

 

ရခိုင်လူငယ်မောင်မယ်များ ပရဟိတအသင်း(စစ်တွေ)မှ အမှတ်စဉ် ၅ ကွန်ပျူတာနှင့် အင်္ဂလိပ် စကားပြောသင်တန်း (အခမဲ့) ဖွင့်ပွဲနှင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် ၄ သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ အမှတ် ၄ အခြေခံပညာအလယ် တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

 

 

အခမ်းအနားတွင် ရခိုင်လူငယ်မောင်မယ်များပရဟိတအသင်း(စစ်တွေ)ဥက္ကဌ ဦးဇံထွန်းမောင် နှင့် ရူပမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သာတို့က အဖွင့်အမှာစကား ပြောကြားကြပြီး ကွန်ပျူတာကော်မတီ ကြီးကြပ်ရေးမှူး ဒေါ်သန်းရီက သင်တန်းဖွင့်လှစ်သင်ကြားခြင်းနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကွန်ပျူတာ သင်တန်းသားဟောင်း ကိုလင်းလက်ခန့်က သင်တန်း၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာ သင်တန်းဆရာက အမှတ်စဉ် ၄ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်သည်။

 

“ကျွန်တော်တို့ ရခိုင်ပြည်နယ်က ကလေးတွေရဲ့ ပညာရေးတိုးတက်မြင့်မားလာဖို့အတွက် တတ်နိုင်တဲ့ဖက်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်၊ ဒီနေ့ ကျွန်တော်တို့အသင်းကကွန်ပျူ တာ သင်တန်းအမှတ်စဉ် ၄ က သင်တန်းဆင်းတဲ့ကလေး ၁၂ ယောက်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါတယ်၊ အခု အမှတ်စဉ် ၅ မှာတော့ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးကို သင်ကြားသွား မှာဖြစ်ပါတယ်၊ ကွန်ပျူတာသင်တန်းကိုတော့ အလယ်တန်းကနေ တက္ကသိုလ်အဆင့်ထိကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်၊ အင်္ဂလိပ်စကားပြော သင်တန်းကိုတော့ စတုတ္ထတန်း အရွယ်ကနေ လက်ခံသင်ကြားပေးမှာ ဖြစ်ပြီးတော့ နံနက်ပိုင်းနဲ့ ညနေပိုင်းခွဲကာ သင်ကြားသွားပါမယ် ”ဟု ရခိုင်လူငယ်မောင်မယ်များ ပရဟိတအသင်း(စစ်တွေ)၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇံထွန်းမောင် ကပြောသည်။

 

တင်ထွန်း( ပြန်/ဆက်)