စစ်တွေ ၁၈ ဒီဇင်ဘာ
(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၏ ရွှေမောင်းတန်းနှင့် ငွေမောင်းတန်းတို့၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသည်။
ကျင်ပွဲ၏ ငွေမောင်တန်း ပထမဗိုလ်လုပွဲ၌ ဇော်လင်းနိုင်(ရဟတ်တောင်)နှင့် တင်မောင် (ကျောက်ဖြူ) တို့ယှဉ်ပြိုင်ကြရာ ဇော်လင်းနိုင်(ရဟတ်တောင်)က အနိုင်ရရှိပြီး ပထမငွေမောင်း ကို ရရှိသည်။
ဆက်လက်၍ ရွှေမောင်းတန်း ပထမဗိုလ်ပွဲ၌ ထွန်းလင်းအောင်(ကျောက်ဖြူ)နှင့် မင်းမင်းထွန်း (ပေါက်တော-သဝင်ချောင်း) တို့ယှဉ်ပြိုင်ကြရာ ထွန်းလင်းအောင်(ကျောက်ဖြူ)က အနိုင်ရရှိပြီး ပထမရွှေမောင်းကို ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ငွေမောင်းတန်း ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးကျောက်က ငွေမောင်းဆု တံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့ကို ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရွှေမောင်းတန်း ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ရွှေမောင်းဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆု တို့ကို ပေးအပ်သည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲသို့ ပြည်နယ်အတွင်းမှ ငွေမောင်တန်း ကျင်သန် ၁၃၀ ဦးနှင့် ရွှေမောင်းတန်း ကျင်သန် ၂၇ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)