စစ်တွေ  ၇  ဩဂုတ်

 

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် CERP   Action Plan အရ ပင်လယ်ပြင် ငါးဖမ်း ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၆ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 

အခမ်းအနားသို့  ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား (၂၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့  ပြည်နယ်ဝန်ကြီးနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရေကြောင်းရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်