နေပြည်တော်  ၁  ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃) ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင် (၁) နှင့် ကာလိုင် (၂) စုစုပေါင်း IDP စခန်း (၃) ခုသို့ သွားရောက်၍ Hand Speaker (၃) ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၃) ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

 

အလားတူ မေ ၃၀  ရက်ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စေတီတောင်နှင့် ဖုံညိုလိပ် စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၂) ခုသို့ သွားရောက်၍ အဝတ် Mask (၅၉၅၈)ခု၊ အပူချိန်တိုင်း ကိရိယာ ()ခု၊ လက်သန့် ဆေးရည် (၆၂၄) ဗူး၊ Hand Speaker () ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick () ခုနှင့် ဗီနိုင်း() ချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။         

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင်  အသိပညာပေး လုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်