နေပြည်တော် ၉ ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း၊ ကြိမ်နီပြင်၊ အနောက်ရဲ IDP စခန်း စုစုပေါင်း(၃)ခုနှင့် ဘူးသီးတောင်မြို့နယ်ရှိ  ရန်အောင်မြေဘုန်းကြီးကျောင်း၊ လမ်းမဘုန်းကြီးကျောင်း၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်း၊ မြောင်းနားတိုက်ပွဲရှောင်စခန်း စုစုပေါင်းတိုက်ပွဲရှောင် စခန်း(၅)ခုသို့ သွားရောက်၍ ဆပ်ပြာ ၅၇၆၄ တောင့်၊ Surgical Mask ၂၀၂၆ ခု၊ အဝတ် Mask ၁၂၃၅၆ ခု၊ လက်သန့်ဆေးရည် ၇၇၈၁ ဘူး၊ လက်ဆေးစင် ၉၀၊ ထုံးအိတ် ၈၀၊ ဗီနိုင်းအချပ် ၂၀၊ အပူချိန်တိုင်းကိရိယာ (၃)ခု၊ Hand Speaker (၂)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့်   စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်