နေပြည်တော် ၂၄ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသား ကျောင်းတိုက်၊ ကရုချောင်း ကျောင်း တိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ ယတြာ ကျောင်းတိုက် ၊ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒက္ခောင်း ကျောင်းတိုက်၊ မဏိရတနာ ကျောင်းတိုက်၊ မဟာအောင်မြေပုံကျောင်းတိုက်၊ သာသနာ့ဗိမ္မာန် ကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မာရာမကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ တေဇာရာမကမ္မဌာန်း ကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းတိုက်၊ မဟာသိမဝံသကျောင်းတိုက်၊ မေယုဓမ္မစက္ကု ကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ ဥဿလင်းကျောင်းတိုက် စုစုပေါင်းတိုက်ပွဲရှောင် စခန်း (၂၁)ခုသို့သွားရောက်၍ ဆပ်ပြာ(၁၀၉၂) တောင့်၊ လက်သန့်ဆေးရည်(၁၂၀)၊ Surgical Mask (၁၇၂၀) ၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ ဗီနိုင်း (၃၂)ချပ်၊ လက်ဆေးဘေစင်(၄)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick(၄)ချောင်း၊ အဝတ်Mask (၄၀၈)ခု၊ Hand Speaker(၄)ခုနှင့် ထုံးအိတ် (၂၀) တို့ကို ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


