နေပြည်တော်  ဇွန် ၂၀ 

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MERCURY FORCE သင်္ဘောသည် ယနေ့ ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရတို့မှ ပေးပို့သည့် သစ်ခွဲသားတန် ၃၀၀ ၊ သွပ် ၁၅၄၅၈၈ ချပ်၊ ခေါင်အုပ်သွပ်ချပ် ၉၀၂၃၀ ၊ သွပ်သံ ၆၉၀၅ ပိဿာ၊ အိမ်ရိုက်သံ ၇၂၆၅ ပိဿာ၊ အုတ်အလုံး ၃၀၀၀၀ ၊ ကရိန်းယာဉ် ၁ စီး၊ လက်တွန်းထွန်စက်အစီး ၆၀ ၊ အင်ဂျင်အလုံး ၆၀ ၊ စက်သုံးဆီပေပါ ၃၀၀ ၊ ရေသန့်စင်စက် ပုံး ၂၀၀ ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း ၁၁ ဒသမ ၄ တန် အပါအဝင် စုစုပေါင်း ကူညီကယ်ဆယ်ရေးပစ္စည်း ၁၄၆၃ ဒသမ ၂၈ တန် တင်ဆောင်၍ The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်