နေပြည်တော် ဇူလိုင် ၂၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mawlamyine Century Logistics (MCL-3) သင်္ဘောသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့ သည့် ဆန်(၂၄)ပြည်ဝင် အိတ် (၄၄၃၈၀) နှင့် မိသားစုသုံးပစ္စည်း အထုပ် (၂၀၀၀) အပါအဝင် စုစုပေါင်း ကူညီကယ်ဆယ်ရေးပစ္စည်း (၂၂၂၂ ဒသမ ၂၈၇)တန်တင်ဆောင်ပြီး ယနေ့ညနေ ၄ နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်(၂၅)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၃၂၈၁၂ ဒသမ ၉၀)တန် နှင့် ဒီဇယ် (၂၄၉၇၆၂)ဂါလံ၊ Octane 92 (၁၉၉၈၈၆) ဂါလံကို ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်