နေပြည်တော် မတ်   ၁၅    

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Sun Shine ရေယာဉ်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် Transformer (၁၁) လုံး၊ လျှပ်စစ်သုံး ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ် ရေးသုံးပစ္စည်းများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ၊ ရုံးသုံးပရိဘောဂများ အပါအဝင် စုစုပေါင်း (၁,၅၆၁ ဒသမ ၄၀) တန် တင်ဆောင်၍ ယမန်နေ့က စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)