စစ်တွေ ၁ အောက်တိုဘာ
ရခိုင်ပြည်နယ် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားသည့် ၂၀၂၀ပြည့်နှစ် ဩဂုတ်လအတွင်း ကျန်းမာရေးဝန်ထမ်း Volunteer များသည် စစ်တွေမြို့သို့ ရောက်ရှိလာကြပြီး၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ကြပြီးနောက်၊ စက်တင်ဘာလ ၃၀ ရက်တွင် ကျန်းမာရေးဝန်ထမ်း Volunteer ၅၆ ဦးသည် စစ်တွေမြို့ မှ ပြန်လည်ထွက်ခွာကြပြီ ဖြစ်သည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်း Volunteer များကို စစ်တွေလေဆိပ် ဧည့်ခန်းမတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်၊ ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဌာနမှူး စိုင်းဝင်းဇော်လှိုင်နှင့် တာဝန်ရှိသူများက ကျန်းမာရေး ဝန်ထမ်း Volunteer များကို စစ်တွေလေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
ရခိုင်ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရန် ကျန်းမာရေးဝန်ထမ်း Volunteer ၂၁ ဦးသည် စက်တင်ဘာလ ၃၀ ရက်တွင် စစ်တွေလေဆိပ်သို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
#MRTV