နေပြည်တော်  ၂၀   ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်၍ ယနေ့မွန်းတည့် ၁၂ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌ ကျင်းပသည်။

 

mdn

 

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

 

mdn

 

အဆိုပါ အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များသည် ကော်မတီမှ ရေးသားပြုစုထားသည့် အစီရင်ခံစာမူကြမ်းကို တည်းဖြတ်ပြင်ဆင်ခဲ့ကြသည်။

 

သတင်းစဉ်