စစ်တွေ မေ ၂၁
စစ်တွေမြို့နယ်အတွင်း အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် စစ်တွေခရိုင် ဘဏ်ခွဲသို့ သွားရောက်ကာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက ၂၀၂၆ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေး နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သတင်းပတ်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတန်းစာအုပ်များ ရောက်ရှိ ပြင်ဆင်ထားရှိမှုနှင့် စာကြည့်တိုက်များတွင် သုတ၊ ရသ စာအုပ် စာစောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


