စစ်တွေ  နိုဝင်ဘာ ၈

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က သင်တန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။

 

ယခုခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာများကိုလည်း သင်တန်းတစ်လတာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)