စစ်တွေ ၆ ဇန်နဝါရီ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီးတို့သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တို့နှင့် အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ဓညဝတီ(က) ရပ်ကွက်ရှိ ဓမ္မာရာမ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၊ မင်းဂံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီ (ပရဟိတ) ဘုန်းတော်ကြီးကျောင်းနှင့်  ပြည်တော်သာရပ်ကွက်ရှိ ဗုဒ္ဓေါ မော် ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းတိုက်အတွင်း ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအား စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ကျောင်းတိုက်ဓမ္မာရုံတွင် နေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြား ပြီး  အခက်အခဲရှိပါက တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင် ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများက တစ်လစာ ဆန်ရိက္ခာ ၁၀၉ အိတ် ကျော်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေရပ်စွန့်ခွာ ပြည်သူများအားတွေ့ဆုံ အားပေးကာ  တစ်လစာဆန်ရိက္ခာ ၁၄ အိတ်ကျော်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွား ရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။  ထို့နောက် နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံအားပေးကာ တစ်လစာ ဆန်ရိက္ခာ ၁၇ အိတ်ကျော်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

နေရပ်စွန့်ခွာပြည်သူများမှာ ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း တွင်  အိမ်ထောင်စု ၉၉ စု၊ ကျား  ဦး၊ မ ၂၂၄ ဦး၊  ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၆ စု၊ ကျား ၂၆ ဦးနှင့် မ ၃၉ ဦးနှင့် ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်းတိုက်တွင် အိမ်ထောင်စု  စု၊ ကျား ၁၆ ဦးနှင့် မ ၂၀ ဦးတို့ ရောက်ရှိနေထိုင်လျှက်ရှိကြသည်။

 

၎င်းမိသားစုဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက  လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည် ဆန်ရိက္ခာတစ်လစာနှင့် ကျောင်းသုံးစာအုပ်များ၊ အားကစားပစ္စည်းများနှင့် ကလေးကစားစရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ နေရပ်စွန့်ခွာပြည်သူများမှာ ရသေ့တောင်မြို့နယ်အတွင်းမှ စစ်တွေမြို့သို့ခေတ္တခိုလုံရန် ရောက်ရှိလာကြသူများဖြစ်ကြောင်း သိရသည်။  

 

သတင်းနှင့် ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)