စစ်တွေ  ၁၅   ဇူလိုင် 


    
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ ၂ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် လှိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု တက်ရောက်၍ ဆွမ်းဆန်စိမ်းနှင့် အလှူငွေများ လောင်းလှူသည်။

 

ိ္၄ါ

 

အဆိုပါဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ သံဃာတော်အပါး ၄၀ဝ နှင့် သီလရှင်ကျောင်းတိုက်အသီးသီးမှ သီလရှင်အပါး ၂၀ ကျော်တို့ ကြွရောက်ကြပြီး ဆွမ်းဆန်တော်များ အလှူခံကြကြောင်း သိရသည်။


    
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်နယ်ဝန်ကြီးများပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ် ချုပ်နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် အလှူရှင်စေတနာရှင်များ တက်ရောက်ကြပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား လှူဒါန်းကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)