စစ်တွေ  ၁၃ ဇူလိုင်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီတွင် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် ကြည့်ရှုအားပေးပြီး တံခွန်စိုက်ဆုချီးမြှင့်သည်။

 

ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် Networking အသင်းနှင့် MIS အသင်းတို့ယှဉ်ပြိုင်ကစားကြရာ MIS အသင်းက သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိပြီး တံခွန် စိုက်ဆုကိုရရှိသွားသည်။

 

ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နည်းပညာတက္ကသိုလ် (စစ်တွေ)ကျောင်းအုပ်ကြီးက ဒုတိယဆုရရှိသော Networking အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ပြီး ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ငွေသားဆုအား ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ကျောင်းအုပ်ကြီး ဒေါက်တာဇော်ထွန်းက ပြိုင်ပွဲတွင် အကောင်းဆုံးကစားခဲ့ကြသည့် အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပထမဆုရရှိသော MIS အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပထမဆုရရှိသော MIS အသင်းအား တံခွန်စိုက်ဆုနှင့် ငွေသားဆု ၂၅၀ဝ၀ဝ တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့ထိကျင်းပခဲ့ကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)

 

3