ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. HaoliangXu နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

စစ်တွေ  ၁၀   ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး တို့နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်၊ UNDP ၏လက်ထောက်အုပ်ချုပ်ရေးမှူးနှင့်အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.HaoliangXu နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီများပေးနေမှု၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံတွင် အကူအညီ အထောက်အပံ့များပေးနေမှု၊ ရှေ့ဆက်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ လမ်းညွှန်မှုနှင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နေမှု၊ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ဒုတိယသမ္မ(၁) ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ စုံးစမ်းစစ်ဆေးရေးကော်ရှင်များဖွဲ့စည်းပြီး ဆောင်ရွက်နေခဲ့မှု၊ အကြံပေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း များရေးဆွဲဆောင်ရွက်နေမှု စသည့်ကဏ္ဍများကို ဆွေးနွေးကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)