စစ်တွေ ၁၄ ဇွန်
       

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဒုတိယအကြီးအကဲ Mr. Enrique Ochoa Fernandez- Lomana နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီး ချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
       

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ICRC တို့ပူးပေါင်း၍ ကြက်ခြေနီ လှုပ်ရှားမှု အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆောင်ရွက်နေဆဲ အခြေအနေများ၊ တိုက်ပွဲရှောင် ပြည်သူများအား ကူညီပေးနေမှု အခြေအနေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးနေမှု၊ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးတွင်းကာလ နေထိုင်နိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးနေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

                                                                                                   

သတင်းစဉ်

 

1