ကျောက်ဖြူ ၂၀ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ဝန်ကြီးများ ကျောက်ဖြူမြို့ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အဓိကယာဉ်သွား၊ ယာဉ်လာ များသော လမ်းဆုံသုံးနေရာတွင် မီးပွိုင့်တပ်ဆင်ထားမှုအားကြည့်ရှုစစ်ဆေးခြင်းကို ယနေ့၊ နံနက်(၈)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်တွင် ဆောက်လုပ်ထားသည့် အများပြည်သူသုံး အပန်းဖြေ နေရာ တည်ဆောက်ပြီးစီးမှုနှင့် ကျောက်ဖြူမြို့၏ အဓီကလမ်းလေးခွဆုံဖြစ်သော ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်ရှိ မြေစာရင်းခွဆုံ၊ အဝေးပြေးကားကြီးဝန်းခွဆုံ၊ ပြန်/ဆက်ခွဆုံတို့တွင် နိုဝင်ဘာ ၁၆ ရက်နေ့မှစတင် တပ်ဆင်ထားသော မီးပွိုင့်များအားကြည့်ရှုခြင်း၊ Police House ဆောက်လုပ်မည့်နေရာ များအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လှည့်လည်ကြည့်ရှုရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးများဖြစ်ကြသော ဘဏ္ဍရေး၊ အခွန်စီမံကိန်းနှင့် စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ခင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)